နောက်ခံသမိုင်း၊ ပညာရေးမှူးအဆက်ဆက်များ ၊ ပညာရေးမှူးပုံများ
ရုံးစတင်ဖွင့်လှစ်သည့်နေ့ - ၁၉၄၈ ခုနှစ်
ရုံးမြေအကျယ်အဝန်း - ၃.၆၁၃ ဧက
ရုံးတည်နေရာ - ကမ္ဘောဇလမ်းခွဲ(၁) ၊ ရေအေးကွင်းရပ်ကွက် ၊ တောင်ကြီးမြို့ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)။ရှမ်းပြည်နယ် ပညာရေးမှူးရုံးကို အင်္ဂလိပ်များ လက်ထက်တွင် ရှမ်းပြည်နယ် ပညာရေးမင်းကြီးရုံးဟု ခေါ်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီး ၁၉၄၈-ခုနှစ်မှ စ၍ ရှမ်းပြည်နယ် ပညာရေးဌာနခွဲရုံးအဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး ပညာရေးဌာနခွဲ အရာရှိချုပ်အဖြစ် ဉီးစဝ်ဆိုင်မိုင်းမှ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၀-ခုနှစ်ခန့်အထိ ပညာရေးဌာနခွဲအရာရှိချုပ်ရုံးအဖြစ်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၀-ခုနှစ်မှစ၍ ရှမ်းပြည်နယ်ပညာရေးမှူးရုံး အဖြစ်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပညာရေးမှူးအဖြစ် ဆရာကြီး ဉီးမောင်မောင်မှ စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၈-ခုနှစ်ခန့်အထိ ရှမ်းပြည်နယ် တစ်ခုလုံးအတွက် ရုံးကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရုံးစိုက်ခဲ့ပါသည်။ ၁၉၉၉-ခုနှစ်မှ စ၍ ရှမ်းပြည်နယ် ပြည်နယ် ပညာရေးမှူးရုံးကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် လည်းကောင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရုံး(ခွဲ)ကို လားရှိုးမြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရုံး(ခွဲ) ကို ကျိုင်းတုံမြို့တွင် လည်းကောင်း ရုံးများစိုက်ခဲ့ ကြပါသည်။ ၂၀၁၀-ခုနှစ်မှ စ၍ ရှမ်းပြည်နယ် ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရုံးစိုက်ပြီး ပြည်နယ်ပညာရေးမှူးရုံးခွဲများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက် လာရှိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွက် ကျိုင်းတုံ မြို့များတွင် ပညာရေးရုံးခွဲများအဖြစ် ရုံးစိုက်လျက် ရှိပါသည်။
- ဉီးစဝ်ဆိုင်မိန်း(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၄၈ မှ ၁၉၆၂ ထိ
- ဉီးပန်းလှ(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၆၂ မှ ၁၉၆၆ ထိ
- ဉီးအေးမောင်(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၆၆ မှ ၁၉၆၇ ထိ
- ဉီးထွန်းအုံ(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၆၇ မှ ၁၉၇၀ ထိ
- ဉီးသန်းမောင်(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၇၀ မှ ၁၉၇၅ ထိ
- ဉီးခမ်းလှိုင်(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၇၅ မှ ၁၉၇၉ ထိ
- ဉီးသာဒွန်း(ပညာရေးဌာနခွဲအရာရှိချုပ်)၊ ၁၉၇၉ မှ ၁၉၈၀ ထိ
- ဉီးမောင်မောင်(ပြည်နယ်ပညာရေးမှူး)၊ ၁၉၈၀ မှ ၁၉၈၆ ထိ
- ဉီးရွှေကျော်သာ(ပြည်နယ်ပညာရေးမှူး)၊ ၁၉၈၆ မှ ၁၉၈၇ ထိ
- ဉီးစိုးညွှန့်(ပြည်နယ်ပညာရေးမှူး)၊ ၁၉၈၇ မှ ၁၉၉၀ ထိ
- ဉီးခွန်ဘရင်(ပြည်နယ်ပညာရေးမှူး)၊ ၁၉၉၀ မှ ၁၉၉၂ ထိ
- ဉီးအုန်းငွေ(ပြည်နယ်ပညာရေးမှူး)၊ ၁၉၉၂ မှ ၁၉၉၈ ထိ
- ဉီးသန်းအောင်(ပြည်နယ်ပညာရေးမှူး)၊ ၁၉၉၈ မှ ၂၀၀၀ ထိ
- ဉီးမန်းရင်(ပြည်နယ်ပညာရေးမှူး)၊ ၂၀၀၀ မှ ၂၀၀၂ ထိ
- ဉီးစံရွှေ(ပြည်နယ်ပညာရေးမှူး)၊ ၂၀၀၂ မှ ၂၀၀၄ ထိ
- ဉီးစောထွန်း(ပြည်နယ်ပညာရေးမှူး)၊ ၂၀၀၅ မှ ၂၀၀၆ ထိ
- ဉီးအောင်ဆွေ(ပြည်နယ်ပညာရေးမှူး)၊ ၂၀၀၆ မှ ၂၀၀၇ ထိ
- ဉီးမြထွတ်(ပြည်နယ်ပညာရေးမှူး)၊ ၂၀၀၇ မှ ၂၀၀၉ ထိ
- ဉီးလှဝင်း(ပြည်နယ်ပညာရေးမှူး)၊ ၂၀၀၉ မှ ၂၀၁၂ ထိ
- ဉီးအောင်ဝင်း(ပြည်နယ်ပညာရေးမှူး)၊ ၂၀၁၂ မှ ၂၀၁၃ ထိ
- ဉီးချစ်ဆွေ(ပြည်နယ်ပညာရေးမှူး)၊ ၂၀၁၃ မှ ၂၀၁၅ ထိ
- ဉီးမြင့်အောင်(ပြည်နယ်ပညာရေးမှူး)၊ ၂၀၁၅ မှ ၂၀၁၇ ထိ
- ဉီးအောင်ကျော်စိုး(ပြည်နယ်ပညာရေးမှူး)၊ ၂၀၁၇ မှ ၂၀၁၈ ထိ
- ဉီးဝင်းမောင်(ပြည်နယ်ပညာရေးမှူး)၊ ၂၀၁၈ မှ ယနေ့ထိ