ရည်မှန်းချက်နှင့်မျှော်မှန်းချက်များ
ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး ဥပဒေနှင့်အညီ ချမှတ်ထားသည့် အမျိုးသား ပညာရေး မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- နိုင်ငံတော်တွင် အမျိုးသားပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ပညာရေး ဆိုင်ရာ အခြား ဥပဒေ များနှင့်အညီ ပညာရေး လွတ်လပ်ခွင့်ရှိရေး။
- ပညာရေးမူဝါဒများ ၊ ဆက်စပ်ဥပဒေများနှင့် နည်းဥပဒေများရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ၊ မိဘများ၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်များနှင့် ကျောင်းများက ရွေးချယ်သော ကိုယ်စား လှယ် များ၏ အကြံပြုချက်များကို ရယူရေး။
- အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့် အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် လှုပ်ရှားခွင့်ရှိရေး။
- ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုတို့အတွက် နိုင်ငံသားတိုင်း ပူးပေါင်း ပါဝင်ဆောင် ရွက်စေရေး။
- ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ တည်ထောင် ခွင့်ပြုခြင်းနှင့် ပညာရေး လုပ်ငန်းများ၌ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေး မြှင့်တင်ရေး။
- ကျောင်းနေအရွယ်လူငယ်အားလုံး ပညာသင်ယူခွင့် ရရှိရေးအတွက် မသန်စွမ်းသူ နိုင်ငံသားများအပါအဝင် အကြောင်း အမျိုး မျိုး ကြောင့် ပညာသင်ယူခွင့်မရရှိသူများကို ပညာရေးအဆင့်တိုင်းတွင် ပညာသင်ယူခွင့်ရရှိစေရန် ပညာရေးအထူးဝန်ဆောင်မှု အစီအစဉ်များအပါအဝင် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်ထားရှိရေး။
- နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာ သင်ယူနိုင်သော ပညာရေးအခွင့် အလမ်းများဖန်တီးပေးရေး။
- နိုင်ငံတကာပညာရေးအဆင့် ရှိစေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု ဆောင်ရွက်ရေး
- လူမှုစီးပွားရေးဘဝတွင်လက်တွေ့အသုံးချနိုင်သည့်ပညာရေးဖြစ်စေရေး။
- တက္ကသိုလ်နှင့် ကောလိပ်များသည်လွပ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ရေး။
- တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူ ကိုယ်တိုင်ရွေး ချယ်လျှောက်ထား ခွင့် ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်း ရမှတ်ဖြင့် စိစစ်ဆုံးဖြတ်ရွေးချယ်ခြင်း မဟုတ်ဘဲ တက်ရောက် လို သည့် တက္ကသိုလ်၏ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ် ရွေးချယ်သည့်စနစ်ထားရှိရေး။
- ကျောင်းများတွင် ဘာသာရေးနှင့်နိုင်ငံရေးအဖွဲ့အစည်းများ၏ စွက်ဖက်မှုများမှ ကင်းလွတ် စေရေး။
- အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ရေး။
- ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရည် အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သော အသိ ပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာများနှင့်သက်မွေး ပညာ ကျွမ်းကျင်သူများကို အဆင့်အလိုက် မွေးထုတ်ရေး။
- ပညာရေးအဆင့်တိုင်းနှင့် ပညာရပ်နယ်ပယ်အသီးသီးတွင် ပညာရေးအဆင့်အတန်း သတ်မှတ်ပြီး အရည်အသွေး အာမခံမှု ရှိသောစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရေး။
- ဗဟိုချုပ်ကိုင်မှုလျော့ချသည့်ပညာရေးစနစ်ကိုကျင့်သုံးရေး။
အမျိုးသားပညာရေးရည်မှန်းချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
- တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည် လေ့ကျင့်ပေးရန်။
- ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာ စေရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင် ပေးရန်။
- ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်း အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်။
- ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ် များကို လေ့ကျင့်ပြုစု ပျိုးထောင် ပေးရန်။
- နိုင်ငံတကာအဆင့်မီပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရန်။
- ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာတတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာ နှင့် သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုး ထောင်ပေးရန်။
- အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်။
- နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားခွင့်ရရှိစေရန်။
- မဟာဗျူဟာများ၊ မူဝါဒများနှင့်ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများကိုလည်းကောင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ အခြားလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက် သော သတင်းအချက်အလက် များကိုလည်းကောင်း ပြည်သူလူထုက သိရှိရယူနိုင်ရန်။